Skip to main content

Mysterious Challenge: ပရလောကအလည်သွားခြင်း



MTV လေးတစ်ခုထဲမှာ အရုပ်သရဲအကြောင်

းကိုကြည့်မိလို့ အရုပ်အကြောင်းတင်ဖို့ဆုံးဖြတ်လိုက်တာပါ။ မတင်ခင်မှာ တစ်ခုကြိုသတိပေးပါရစေ။
 ကြောက်တတ်သူ နှလုံးရောဂါရှိသူများ (လုံးဝ) လုံးဝလိုက်မလုပ်ကြပါနဲ့။

 
လိုအပ်သောပစ္စည်း
=========
နောက်ကျောကုတ်သောတုတ်တံ
အရုပ်မတစ်ရုပ်

ပထမဆုံးအနေနဲ့ ဒီဂိမ်းကို ကစားဖို့ အခန်းလွတ်ရွေးချယ်ပါ။ ဘယ်သူမှမရှိဘဲ အနည်းငယ်စိုစွတ်တဲ့အခန်းဖြစ်ရပါမယ်။ လူသုံးယောက်ထက်ပိုနေလို့မရပါဘူး။ လုပ်ရမှာက ပထမဆုံး ည ၁၁ ခွဲလောက်အချိန်မှာ အရုပ်မကို စားပွဲတစ်ခုပေါ်တင်ထားပါ။ ဂိမ်းကိုဦးဆောင်ကစားမယ့်သူက ပထမဆုံး မိမိရဲ့ နောက်ကျောအတွင်းဆုံးအပိုင်းကို နောက်ကျောကုတ်တဲ့ တုတ်နဲ့ တစ်ချက်ကုတ်ပါ။ ပြီးရင် အရုပ်မကို တစ်ချက်ရိုက်ကာ
"ငါ့ရဲ့အသက်ဓာတ် ဒီထဲကိုလာ"
ဆိုပြီးတစ်ခါရွတ်ပါ။ အဲ့လိုမျိုး နောက်ကျောကုတ် တစ်ချက်ရိုက် တစ်ခါရွတ်ကို ၇ ကြိမ်တိတိလုပ်ဆောင်ပြီးနောက် အရုပ်မရဲ့ ညာဘက်ဘေးနေရာကို နောက်ကျောကုတ်တဲ့တုတ်နဲ့ ပြင်းပြင်းထန်ထန် သုံးချက်လောက်ရိုက်လိုက်ပြီးနောက်မှာ -
"ငါ့ရဲ့အစောင့်အရှောက်တွေ ဒီအရုပ်နဲ့သင့်တော်မယ့် တစ္ဆေမကို ရှာပြီးအရုပ်ထဲထည့်လာခဲ့ကြ"
လို့ပြောကာ အရုပ်ကို ကောက်ယူကာ အခန်းတံခါးအပြင်ကိုလွှင့်ပစ်ကာ အရုပ်ကို ဒေါသတကြီး လက်ညှိုးထိုးပြီး -
"အသက်မဝင်မချင်း မလာခဲ့နဲ့ . . အသက်ဝင်လာရင် တံခါးချက်ချင်းခေါက်"
လို့ပြောကာ အိမ်တံခါးကို ဝုန်းခနဲမြည်အောင်ပိတ်လိုက်ပါ။ ပြီးရင် မီးတွေအကုန်ပိတ် ခဏစောင့်နေပါ။ မကြာမီ တံခါးခေါက်သံကြားရပါလိမ့်မယ်။
"ဘယ်သူလဲ"မေးပါ။ သုံးခါတိတိပြန်မထူးဘူးဆိုရင်တော့ အရုပ် အသက်ဝင်လာပါပြီ။တံခါးကို အသာလေးဖွင့်ပေးလိုက်ပါ။ အရုပ်က သင်ထားတဲ့နေရာမှာပဲရှိကောင်းရှိနေနိုင်ပါမယ်။ ဒါပေမယ့် တစ်ခုခုက သင့်အိမ်ထဲဝင်သွားပါပြီ။ ညက ခြောက်ခြားဖို့ ပိုကောင်းလာပါလိမ့်မယ်။ အရုပ်ကလည်း သင့်ကိုခြောက်လှန့်ကောင်းခြောက်လှန့်လာပါလိမ့်မယ်။ အရုပ်ကို ယူခဲ့ပါ။ ထိုင်ခုံပေါ်တင်ကာ သူ့အတွက်နေရာပေးပါ။ နောက်ပြီး အသက်ဝင်လာမယ့် အရုပ်နဲ့စကားပြောပါ။ ကစားပါ။ မီးလုံးဝမဖွင့်ပါနဲ့။ ကစားပြီးရင် သေတ္တာလေးတစ်ခုထဲပြန်သိမ်းထားပါ။ ထူတ်ကစားချင်တဲ့ညတိုင်းဖွင့်ကစားပါ။ အပြင်သွားရင်လည်း ခေါ်သွားပါ။ ချိုချဉ်လိုမျိုး ကလေးစားတဲ့အစားအစာလေးတွေကို သေတ္တာထဲထည့်ပေးပါ။ သင့်ရဲ့ ပရလောက က အဖော်ကောင်းဖြစ်လာပါလိမ့်မယ်။ သတိထားရမှာတစ်ခုက မီးအလင်းရောင်ရှိတဲ့နေရာ သူ့ကိုလုံးဝ မထားပါနဲ့။

နောက်တစ်ခု အခုက အရေးအကြီးဆူံး အဓိကအချက်>>>
အောက်တိုဘာ ၃၁ ဟောလိုးဝင်းညမှာ မီးတွေအကူန်ပိတ် အရုပ်ကိုတစ်နေရာမှာ လွတ်လပ်စွာချထားကာ စောင့်ကြည့်နေပါ။ ည ၁၂ နာရီတိတိမြည်တဲ့အခါ အရုပ်ထဲက ဝိညာဉ်ထပြီး ထွက်သွားတာကို မြင်ရပါလိမ့်မယ်။ သင်ချောင်းကြည့်နေတာကို သူသိရင်သူကသင့်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေပါလိမ့်မယ်။ အဲ့လိုလုပ်ပြီး သူတစ်နေရာကို ထွက်သွားရင်လိုက်သွားပါ။ လုံးဝအသံမထွက်ပါစေနဲ့။ အဲ့ဒီလိုလိုက်သွားရင်မကြာမီမှာ သရဲတွေရဲ့ ပွဲတော်(မြန်မာလိုဆို ကျတ်တွေရဲ့ပွဲဈေးတန်းကြီး) ရောက်သွားပါလိမ့်မယ်။ လေ့လာပါ။ ဘာကိုမှမထိပါနဲ့။ အရုပ်ဝိညာဉ်နဲ့မျက်ခြေမပြတ်ပါစေနဲ့။ အရုပ်ဝိညာဉ်နဲ့အတူသာပြန်လာပါ။ ပြန်မလာနိုင်ရင် သင်ဟာ အပြင်မှာသေသွားပြီဆိုတာမမေ့ပါနဲ့။ သေချာဂရုစိုက်ပါ။ ဒါပြီးရင် သင်ဟာ ပရလောကပါတီကို ဆင်နွှဲခဲ့သူတစ်ဦးအဖြစ် ဂုဏ်ယူနိုင်ပါပြီ။

Play at your own risk
Mr.Candy
KCB Witchcraft Society

Comments

Popular posts from this blog

အတိတ်၊ နိမိတ်၊ တဘောင်များအားလေ့လာခြင်း

                             ဇမ္မူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း တဲ့ဗျ။အတိတ် နိမိတ်တွေဆိုတာ ကမ္ဘာဦးကတည်းက ရှိခဲ့တာပါ။ကမ္ဘာ ဦးအစ ကြာငါးခိုင် နိမိတ်ကြောင့် ဘုရား၅ဆူပွင့်မယ့် ဘဒ္ဒကမ္ဘာဆိုပြီး နိမိတ်ဖတ်ခဲ့ကြပါတယ်။နောက်ဗုဒ္ဓဘုရားရှင်တောင် နိမိတ်ကမလွတ်ပါဘူး။သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ပြီးတောထွက် ခဲ့ပါတယ်။အတိတ် နိမိတ် တဘောင် စနည်း စတာတွေကိုရေးမယ် ဆို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာ ဦးနိုးအကြောင်း မပါမဖြစ်ပါရပါမယ်။ဦးနိုးဟာ အသက် ၂၀ အရွယ် ငယ်ငယ်လေးနဲ့ နေမျိုးလေခ ပျံချီဘွဲ့ရထားေ တာ့ မှုးမတ်တွေက မကျေမနပ်နဲ့ ပညာစမ်းကြပါတယ်။ မှူးမတ်တစ်ယောက်  အမြဲကိုင်တဲ့ ကွမ်းအစ်ကို မောင်နိုးအား မကိုင်ကြည့်စေပဲ  အလေးချိန်ဘယ်လော က်ရှိလဲ ဖြေစမ်းလို့မေးသ တဲ့။ဒါနဲ့မောင်နိုးက အနီးနားမှာ ထူးခြားတာရှိမလား ရှာကြည့်ရာ မတွေ့ နောက်ဆုံး မဏ္ဌုပ်အမိုးမော့ ကြည့်မှ မိုးထားတဲ့ကပ် အားလုံးလိုလို အသစ်ဖြစ်နေပေမယ့်  တစ်ခုသောကပ်က ကျိုးနေပါတယ်။ဒါ ကြောင့် ကျေနပ်သွားပြီး ကပ်ကျိုး (ကိုးကျပ်) အလေးချိန် ကို...

အနောက်တိုင်းမှော်ပညာတစ်ကိုယ်တော်လေ့လာမည့်သူများအတွက် စံနမူနာအချက်(၇)ချက်

"ကမ္ဘာမြေရဲ့နေရာ တိုင်းနေရာတိုင်းမှာ မှော်ဆန်သောအရာများနှင့် ပြည့်နှက်လျက်ရှိပြီး အဲ့ဒီအရာတွေက သူတို့ကို ကြီးမားစွာအာရုံ ခံစား စက္ခုပသာဒကွန့်မြူးစေဖို့ စိတ်ရှည်စွာနဲ့ေ စာင့်ဆိုင်းလျက် ရှိနေကြပါတယ်။" - W.B Yeats ဒီလိုမျိုး မှော်ဆန်တဲ့အရာေ တွ ဖမ်းဆုပ်မိစေဖို့ အတွက် ဘယ်လိုအမူအကျင့် တွေပြုမူနေထိုင် ရပါမလဲ။ သင့်ရဲ့ နေ့ရက်တွေဆီကို မှော်ပညာတွေဘယ်လိုဖိတ်ခေါ်ရပါမလဲ ။ ယခု စာရေးနေသော ကျွန်တော်ကိုယ်တိုင်သည်လည်း တစ်ကိုယ်တော်မှော်ပညာလေ့လာလိုက် စားသူဖြစ်လင့်ကစား မှော်ပညာအကြောင်းအရာများနှင့်ပတ်သတ်သော အကြောင်းအရာများ ကို မျှဝေရတာ သဘောကျပါတယ်။ မှော်ပညာဆိုတာ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ သဘာဝတရားကြီးနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းပဲ မဟုတ်ပါလား။ တစ်ယောက်ယောက်ကများ စုန်းကဝေ၊ မှော်ပညာလိုက်စားသူ စတဲ့စကားလုံးတွေ အကြောင်းကိုပြော လာမယ်ဆိုရင်လည်း ကျွန်တော့်အတွေး ထဲမှာတော့ သဘာဝတရားကြီးနှင့် သဘာဝတရားကြီးနှင့်ဆက်နွယ်နေသော မမြင်နိုင်သောစွ မ်းအင်များကို ပညာသားပါပါ ဆက်သွယ်နိုင်သော အနုပညာကို တတ်ကျွမ်းထားသူ သဘာဝတရားကြီးကို သဘာဝတရားစွမ်းအင် စိတ်စွမ်းအင်လမ်းကြောင်းများနဲ့ ကူးလူးဆက်နွယ်ကာြ...

တိရိစ္ဆာန်များနှင့်မှော်ပညာအမှတ်သင်္ကေတအယူများ

                  မှော်ပညာရှင်တိုင်းလိုလို စုန်းကဝေတိုင်းလိုလိုမှာ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးေ တွမွေးပြီး မှော်ပညာအတွက်အသုံးချတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒီလိုမွေးမြူထားခြင်းဟာ ချစ်ခင်လို့မွေးမြုထားတယ်ဆိုတာ အပြင်ကို မှော်ပညာပိုင်းဆိုင်ရာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာပတ်သတ် ဆက်နွယ်မှုများ မှော်အစီအရင်များအတွက် မွေးမြူကြတာမျိုးလေးတွေရှိပါတယ် ။ ဒီတော့ မှော်ပညာလေ့လာလိုက်စားသူများအေ နနဲ့လည်း မှော်ပညာအတွက် အိမ်မွေးတိရိစ္ဆာန်လေးတွေကို မှော်ပညာသင်္ကေတ အဖြစ်မွေးမြူနိုင်ဖို့ စုစည်းဖော်ပြပေးလိုက်ရပါတယ်။ ခွေး - ခွေးတွေဟာ မှော်ဆရာ စုန်းကဝေတွေအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ပြီး သစ္စာစောင့်သိမှုနှင့် အကာအကွယ်များအား သင်ကြားပေးနိုင်ပါတယ်။ တစ်စုံတစ်ရာပြုစားမှုနှင့် အန္တရာယ်များကို ခွေးများက ကြိုတင်သိရှိနိုင်ကြပြီး သူတို့ရဲ့ သခင်မှော်ဆရာကို ပြန်လည်အချက်ပြအသိပေးနိုင်ပါတယ် ။ ကြောင် - ကြောင်များဟာ လွတ်လပ်မှုနဲ့ ကိုယ်တိုင်ပြုစုပျိုးထောင်နိုင်ြ ခင်းအား လူသားများသို့ သင်ပြပါတယ်။ ကြောင်များဟာ အိမ်တစ်အိမ်ရဲ့အကာအကွယ်ဖြစ်ပြီး ၀ိဥာဉ်...