Skip to main content

တိရိစ္ဆာန်များနှင့်မှော်ပညာအမှတ်သင်္ကေတအယူများ

 
                မှော်ပညာရှင်တိုင်းလိုလို စုန်းကဝေတိုင်းလိုလိုမှာ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးေ
တွမွေးပြီး မှော်ပညာအတွက်အသုံးချတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒီလိုမွေးမြူထားခြင်းဟာ ချစ်ခင်လို့မွေးမြုထားတယ်ဆိုတာအပြင်ကို မှော်ပညာပိုင်းဆိုင်ရာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာပတ်သတ်ဆက်နွယ်မှုများ မှော်အစီအရင်များအတွက် မွေးမြူကြတာမျိုးလေးတွေရှိပါတယ်။ ဒီတော့ မှော်ပညာလေ့လာလိုက်စားသူများအနေနဲ့လည်း မှော်ပညာအတွက် အိမ်မွေးတိရိစ္ဆာန်လေးတွေကို မှော်ပညာသင်္ကေတ အဖြစ်မွေးမြူနိုင်ဖို့ စုစည်းဖော်ပြပေးလိုက်ရပါတယ်။
ခွေး - ခွေးတွေဟာ မှော်ဆရာ စုန်းကဝေတွေအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ပြီး သစ္စာစောင့်သိမှုနှင့် အကာအကွယ်များအား သင်ကြားပေးနိုင်ပါတယ်။ တစ်စုံတစ်ရာပြုစားမှုနှင့် အန္တရာယ်များကို ခွေးများက ကြိုတင်သိရှိနိုင်ကြပြီး သူတို့ရဲ့ သခင်မှော်ဆရာကို ပြန်လည်အချက်ပြအသိပေးနိုင်ပါတယ်


ကြောင် - ကြောင်များဟာ လွတ်လပ်မှုနဲ့ ကိုယ်တိုင်ပြုစုပျိုးထောင်နိုင်ြ
ခင်းအား လူသားများသို့ သင်ပြပါတယ်။ ကြောင်များဟာ အိမ်တစ်အိမ်ရဲ့အကာအကွယ်ဖြစ်ပြီး ၀ိဥာဉ်ပရလောကနှင့်ပတ်သတ်သော ရှုထောင့်များ အမြင်အာရုံများနှင့်ပတ်သတ်ဆက်နွယ်ပြီးအကောင်းဆုံး ကာကွယ်စောင့်ရှောက်သူများဖြစ်ကြပါတယ်။ ကြောင်များဟာ နေ့ညမဟူ အချိန်မရွေး ပရလောကနဲ့ဆက်သွယ်အလုပ်လုပ်ပေးနိုင်ဖို့ အမြဲအသင့်ရှိနေတဲ့ မှော်ဆရာများရဲ့ အဖော်မွန်ကောင်းများပင်ဖြစ်ကြပါတယ်။

ဆိတ် - ဆိတ်ဟာ လူတစ်ပိုင်းဆိတ်တစ်ပိုင်း ဂရိနတ်ဘုရားပန်နဲ့ ပတ်သတ်ဆက်နွယ်မှုရှိနေပြီး မြင့်မြတ်သောသတ္တ၀ါတစ်ကောင်အဖြစ် အနောက်တိုင်းမှော်ပညာမှာ ယူဆထားပါတယ်။ ဆိတ်များဟာ ပုံမှန်မဟုတ်ဘဲ အလွန်ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများကိုပိုင်
ဆိုင်ထားကြပြီး တောင်များကိုတက်နိုင်ကြသကဲ့သို့ ပိုမိုဝေးကွာသော စဉ်းစားရပင်ခက်ခဲသော ရှုထောင့်အမြင်များကို ထောက်ပြနိုင်ကြပါတယ်။
ယုန် - ယုန်ဟာလည်း မှော်ပညာရှင်တို့အတွက် အလွန်မှော်ဆန်မြင့်မြတ်တဲ့ မိတ်ဆွေကောင်းပဲဖြစ်ပါသေးတယ်။ ယုန်များဟာ လျှို့ဝှက်ခြင်း၊ ငြိမ်သက်ဆိတ်ငြိမ်သောရွှေ့လျားမှု
များနှင့် ပရိယာယ်များကို သင်ကြားပြသပေးနိုင်ပါတယ်။ ယုန်များဟာ ကမ္ဘာမြေရဲ့တွင်းတွေထဲမှာ နေထိုင်ကြပြီး သူတို့ဟာ သူတို့ရဲ့မိတ်ဆွေ သူတို့ကိုချစ်တဲ့ မှော်ဆရာတွေကို မြေအောက်လောက မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားနိုင်စွမ်းရှိကြပါတယ်။
ပင့်ကူ - ပင့်ကူဟာ မွေးမြူရအလွယ်ကူဆုံး အဖော်မွန်တစ်ကောင်ဖြစ်ပြီး အလွယ်တကူဖွက်ထား သိမ်းထားလို့ရပါတယ်။ တံခါးပေါက်သေးသေးလေးမှာတောင် ပင့်ကူအိမ်လေးဆောက်ပြီး အလွယ်တကူထားနိုင်ပြီး လူမသိသူမသိအောင်တောင် ဖွက်သွား သယ်ဆောင်သွားလို့ရနိုင်ပါတယ်။ ပင့်ကူကိုတော့ မှော်ဆရာများက စုံစမ်းခြင်း၊ စူးစမ်းခြင်း၊ ထောက်လှမ်းခြင်းနဲ့ ဗီဇစိတ်အာရုံမနောနဲ့ အလိုလိုသိမြင်နိုင်စွမ်းများအတွ
က် အရမ်းအဆင်ပြေတဲ့ မိတ်ဆွေတစ်ဦးအဖြစ် မွေးမြူထားကြပါတယ်။

လင်းနို့ - လင်းနို့များဟာ သူတို့ရဲ့မိတ်ဆွေမှော်ဆရာများရဲ
့ ညဘက်နဲ့သက်ဆိုင်တဲ့ ဗီဇတွေအကြောင်းနဲ့ လမင်းစန္ဒာနဲ့ဆက်သွယ်နိုင်စွမ်းကို သွန်သင်နိုင်စွမ်းရှိကြပါတယ်။ ထင်မှတ်မထားတဲ့ အမှောင်ထုတွေကျရောက်ချိန် အမှောင်ထုထဲဝင်ရောက်ချိန်မှာ လင်းနို့များဟာ ကူညီပေးနိုင်ကြပါတယ်။

ဇီးကွက် - ဇီးကွက်များဟာ ကိုယ်ပိုင်ပညာနဲ့ သစ်ပင်များနဲ့ဆက်သွယ်ခြင်းများ
အကြောင်းကို သွန်သင်ပေးနိုင်ကြပါတယ်။ ဇီးကွက်များဟာ အမှောင်ထုထဲမှာနေထိုင်နိုင်သလို သားရဲတွေရဲ့ရန်ကနေ အမြဲသတိရှိနေကြပြီး သစ်ခေါင်းများထဲမှာနေထိုင်ကြကာ လမင်းရဲ့ ညဘက်စည်းချက်တွေနဲ့အတူ ညဘက်မှာ အမြဲအသိသတိရှိနေ အန္တရာယ်များအတွက် အသင့်ရှိနေနိုင်ကြပါတယ်။

ဖားပြုတ် - ဖားပြုတ်ဟာ မှော်ဆရာတို့ရဲ့ ကိုယ်ပိုင်ဥယျာဉ်လေးတွေထဲမှာတော့
မိတ်ဆွေကောင်းပါ။ အကောင်သေးပေမယ့် အာရုံခံစားနိုင်မှု အလွန်မြင့်မားပါတယ်။ သူတို့ဟာ အပင်များ၊ မြေဆီလွှာများကြား နဲ့ လတ်ဆတ်တဲ့ရေအနီးမှတွင်းတွေထဲမှာ နေနိုင်ကြပါတယ်။ သူတို့ဟာ နေရာတစ်ခုကို မလာခင် မိုးလေ၀သကို အရင်ခန့်မှန်းပြီး မှ နေထိုင်ကြပါတယ်။ ဖားပြုတ်များဟာ မိုးလေ၀သခန့်မှန်းချက်မှုများမှာ များစွာအကူအညီရပြီး မှော်ဥယျာဉ်လေး ဆောက်လုပ်နေတဲ့ မှော်ဆရာများအတွက် ဘယ်အချိန်မှာ ဘယ်အပင်စိုက်ဖို့ သင့်တော်မယ်ဆိုတာ လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။

ကျီးကန်း - ကျီးများဟာ လောကသဘာတရားရဲ့ မာယာများကို သင်ကြားပေးနိုင်ပြီး ကျွန်တော်တို့ရဲ့စွမ်းအားပြည့်
အသံကို စွမ်းအင်တစ်ခုအဖြစ် မှော်ပညာမှာ ဘယ်လိုအသုံးချမလဲဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ ကျီးများဟာ အလွန့်အလွန် ကိုယ်ရည်ကိုယ်သွေးနဲ့ ဥာဏ်စွမ်းဥာဏ်စများပြားလှတဲ့ သက်ရှိတစ်မျိုးဖြစ်ကာ သူတို့ဟာ မကောင်းတဲ့နိမိတ်တစ်ခုခုကိုရတဲ့အခါမှာဆိုရင်တော့ အသံပြုပြီး သတိပေးတတ်ကြပါတယ်။ ဒီလိုသတိပေးခြင်းအားဖြင့်လည်း မှော်ဆရာရဲ့မိတ်ဆွေအဖြစ်ကူညီနိုင်ကြပါတယ်။


ကာရှိုင်း (ကြယ်စင်ချစ်သူ)

Comments

Popular posts from this blog

အတိတ်၊ နိမိတ်၊ တဘောင်များအားလေ့လာခြင်း

                             ဇမ္မူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း တဲ့ဗျ။အတိတ် နိမိတ်တွေဆိုတာ ကမ္ဘာဦးကတည်းက ရှိခဲ့တာပါ။ကမ္ဘာ ဦးအစ ကြာငါးခိုင် နိမိတ်ကြောင့် ဘုရား၅ဆူပွင့်မယ့် ဘဒ္ဒကမ္ဘာဆိုပြီး နိမိတ်ဖတ်ခဲ့ကြပါတယ်။နောက်ဗုဒ္ဓဘုရားရှင်တောင် နိမိတ်ကမလွတ်ပါဘူး။သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ပြီးတောထွက် ခဲ့ပါတယ်။အတိတ် နိမိတ် တဘောင် စနည်း စတာတွေကိုရေးမယ် ဆို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာ ဦးနိုးအကြောင်း မပါမဖြစ်ပါရပါမယ်။ဦးနိုးဟာ အသက် ၂၀ အရွယ် ငယ်ငယ်လေးနဲ့ နေမျိုးလေခ ပျံချီဘွဲ့ရထားေ တာ့ မှုးမတ်တွေက မကျေမနပ်နဲ့ ပညာစမ်းကြပါတယ်။ မှူးမတ်တစ်ယောက်  အမြဲကိုင်တဲ့ ကွမ်းအစ်ကို မောင်နိုးအား မကိုင်ကြည့်စေပဲ  အလေးချိန်ဘယ်လော က်ရှိလဲ ဖြေစမ်းလို့မေးသ တဲ့။ဒါနဲ့မောင်နိုးက အနီးနားမှာ ထူးခြားတာရှိမလား ရှာကြည့်ရာ မတွေ့ နောက်ဆုံး မဏ္ဌုပ်အမိုးမော့ ကြည့်မှ မိုးထားတဲ့ကပ် အားလုံးလိုလို အသစ်ဖြစ်နေပေမယ့်  တစ်ခုသောကပ်က ကျိုးနေပါတယ်။ဒါ ကြောင့် ကျေနပ်သွားပြီး ကပ်ကျိုး (ကိုးကျပ်) အလေးချိန် ကို...

အနောက်တိုင်းမှော်ပညာတစ်ကိုယ်တော်လေ့လာမည့်သူများအတွက် စံနမူနာအချက်(၇)ချက်

"ကမ္ဘာမြေရဲ့နေရာ တိုင်းနေရာတိုင်းမှာ မှော်ဆန်သောအရာများနှင့် ပြည့်နှက်လျက်ရှိပြီး အဲ့ဒီအရာတွေက သူတို့ကို ကြီးမားစွာအာရုံ ခံစား စက္ခုပသာဒကွန့်မြူးစေဖို့ စိတ်ရှည်စွာနဲ့ေ စာင့်ဆိုင်းလျက် ရှိနေကြပါတယ်။" - W.B Yeats ဒီလိုမျိုး မှော်ဆန်တဲ့အရာေ တွ ဖမ်းဆုပ်မိစေဖို့ အတွက် ဘယ်လိုအမူအကျင့် တွေပြုမူနေထိုင် ရပါမလဲ။ သင့်ရဲ့ နေ့ရက်တွေဆီကို မှော်ပညာတွေဘယ်လိုဖိတ်ခေါ်ရပါမလဲ ။ ယခု စာရေးနေသော ကျွန်တော်ကိုယ်တိုင်သည်လည်း တစ်ကိုယ်တော်မှော်ပညာလေ့လာလိုက် စားသူဖြစ်လင့်ကစား မှော်ပညာအကြောင်းအရာများနှင့်ပတ်သတ်သော အကြောင်းအရာများ ကို မျှဝေရတာ သဘောကျပါတယ်။ မှော်ပညာဆိုတာ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ သဘာဝတရားကြီးနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းပဲ မဟုတ်ပါလား။ တစ်ယောက်ယောက်ကများ စုန်းကဝေ၊ မှော်ပညာလိုက်စားသူ စတဲ့စကားလုံးတွေ အကြောင်းကိုပြော လာမယ်ဆိုရင်လည်း ကျွန်တော့်အတွေး ထဲမှာတော့ သဘာဝတရားကြီးနှင့် သဘာဝတရားကြီးနှင့်ဆက်နွယ်နေသော မမြင်နိုင်သောစွ မ်းအင်များကို ပညာသားပါပါ ဆက်သွယ်နိုင်သော အနုပညာကို တတ်ကျွမ်းထားသူ သဘာဝတရားကြီးကို သဘာဝတရားစွမ်းအင် စိတ်စွမ်းအင်လမ်းကြောင်းများနဲ့ ကူးလူးဆက်နွယ်ကာြ...