ဇမ္မူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း တဲ့ဗျ။အတိတ် နိမိတ်တွေဆိုတာ ကမ္ဘာဦးကတည်းက ရှိခဲ့တာပါ။ကမ္ဘာ ဦးအစ ကြာငါးခိုင် နိမိတ်ကြောင့် ဘုရား၅ဆူပွင့်မယ့် ဘဒ္ဒကမ္ဘာဆိုပြီး နိမိတ်ဖတ်ခဲ့ကြပါတယ်။နောက်ဗုဒ္ဓဘုရားရှင်တောင် နိမိတ်ကမလွတ်ပါဘူး။သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ပြီးတောထွက် ခဲ့ပါတယ်။အတိတ် နိမိတ် တဘောင် စနည်း စတာတွေကိုရေးမယ် ဆို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာ ဦးနိုးအကြောင်း မပါမဖြစ်ပါရပါမယ်။ဦးနိုးဟာ အသက် ၂၀ အရွယ် ငယ်ငယ်လေးနဲ့ နေမျိုးလေခ ပျံချီဘွဲ့ရထားေ တာ့ မှုးမတ်တွေက မကျေမနပ်နဲ့ ပညာစမ်းကြပါတယ်။ မှူးမတ်တစ်ယောက် အမြဲကိုင်တဲ့ ကွမ်းအစ်ကို မောင်နိုးအား မကိုင်ကြည့်စေပဲ အလေးချိန်ဘယ်လော က်ရှိလဲ ဖြေစမ်းလို့မေးသ တဲ့။ဒါနဲ့မောင်နိုးက အနီးနားမှာ ထူးခြားတာရှိမလား ရှာကြည့်ရာ မတွေ့ နောက်ဆုံး မဏ္ဌုပ်အမိုးမော့ ကြည့်မှ မိုးထားတဲ့ကပ် အားလုံးလိုလို အသစ်ဖြစ်နေပေမယ့်  တစ်ခုသောကပ်က ကျိုးနေပါတယ်။ဒါ ကြောင့် ကျေနပ်သွားပြီး ကပ်ကျိုး (ကိုးကျပ်) အလေးချိန် ကို...
Comments
Post a Comment