ရိုးရာစကော့လူမျိုးအပ်ပလာချာစု န်းအများစုဟာ သဘာဝစွမ်းအင်နှင့် ရုပ်ရှင်ဆန်ဆန်မှော်စွမ်းအင်များကို ယုံကြည်လေ့မရှိကြပါဘူး။ သူတို့ယုံကြည်ကြတာက လူသားအားလုံး၊ တိရိစ္ဆာန်အားလုံးနဲ့ အပင်အားလုံးမှာ ဝိညာဉ်ဓာတ်ကိုယ်စီရှိကြပြီး ကမ္ဘာမှာရှိတဲ့အရာအားလုံးဟာ ဝိညာဉ်ဓာတ်များရှိကြသလို အားလုံးရဲ့ဝိညာဉ်ဓာတ်တွေဟာ တန်းတူညီမျှရှိတယ်ဆိုတာပဲဖြစ်ပါ တယ်။ ဓာတ်စွမ်းအားများကိုတောင်းဆိုဖို့  ဝတ်ပြုဆုတောင်းရမယ့်အစား စကားပြောတောင်းဆိုကြပါတယ်။ အပ်ပလာချာစုန်းတွေဟာ ဝိညာဉ်ဓာတ်အားလုံးရဲ့ တန်းတူညီမျှရှိမှုကိုသက်ဝင်ယုံ ကြည်ကြပြီး ဝိညာဉ်များအားလုံးဟာ စကြဝဠာစွမ်းအင်စုကြီး (သို့မဟုတ်) နတ်ဘုရားရဲ့ တစ်စိတ်တစ်ပိုင်းပင်ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ရှေးယခင်ဒီစုန်းများဟာ သူတို့ဘိုးဘေးဘီဘင်တို့ရဲ့ပညာ ဆက်ကို လေးစားသက်ဝင်ယုံကြည်ကြပြီး သူတို့ရဲ့ဘိုးဘေးဘီဘင်တွေကိုလည်း သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုတတ် ကြပြီး နတ်ဘုရားများဟာ သီးခြားစီရှိကြပြီး စကြဝဠာဆိုင်ရာစွမ်းအင်စုကြီး (သို့မဟုတ်) နတ်ဘုရားနဲ့ သိပ်ပြီးသက်ဆိုင်မှုမရှိလှလို့ ယုံကြည်ထားကြပါတယ်။ ယနေ့အချို့စုန်းများမှာတော့ နတ်ဘုရားအားလုံးဟာ တစ်ပါးတည်းကပဲ ကွဲထွက်လာတယ်လို့ သက်ဝင်ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီယုံကြည်မှုဟာ ရှေးယခင်ကစုန်းကဝေအယူအဆတွေနဲ့ သက်ဆိုင်မှုမရှိပဲ ကွဲပြားနေတာကို သတိပြုရမှာဖြစ်ပါတယ်။
ယခု ယနေ့ခေတ်ဒီအချိန်အထိ အပ်ပလာချာစုန်းအတတ်မှာအသုံးချေ နဆဲ မှော်နည်းအချို့နဲ့စီရင်နည်းများကို မျှဝေပေးချင်ပါတယ်။ တကယ်လို့ သင့်နောက်မှာ သရဲတစ္ဆေ မကောင်းဆိုးဝါးတွေလိုက်နေတယ်လို့  ခံစားလာရရင်၊ ဒါမှမဟုတ် လိုက်မလာစေချင်ရင် ခပ်သုတ်သုတ်လေးလျှောက်သွားပြီး အိမ်ကိုရောက်အောင်ပြန်ပါ။ မပြေးပါနဲ့။ အိမ်တံခါးရှေ့ကိုရောက်ပြီဆိုရင်ေ တာ့ ရုတ်တရပ် ခပ်သုတ်သုတ်လမ်းလျှောက်နေရာကနေ ရပ်တန့်လိုက်ကာ နာရီလက်တံအတိုင်း သုံးပတ်လှည့်လိုက်ပါ။ လှည့်နေတဲ့အချိန်မှာလဲ
"Ghoulies, ghosties, shades
of the dead; turning, spinning, dizzy in the head."
ဆိုတဲ့ မန္တန်စာသားလေးကို ဆက်တိုက်ရွတ်ဆိုပေးနေပါ။ ဒီမန္တန်ကြောင့် သင့်အနားမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို အာရုံထွေပြားသွားစေပြီး နောက်ကိုလိုက်မလာနိုင်တော့အောင် တားဆီးပြီးသားဖြစ်သွားပါလိမ့် မယ်။
အမေရိကရဲ့ အရှေ့တောင်ပိုင်းကျေးလက်ဒေသတွေ မှာ အပလာချာစုန်းအမှတ်အသားကို ကြယ်တစ်ပွင့်အဖြစ်နဲ့အသုံးပြု ကြပါတယ်။ မကောင်းသောအရာများကို တားဆီးဖို့ ဒီဒေသတွေမှာ အဲ့ဒီ Appalachia အမှတ်အသားကို အိမ်တံခါးဝတွေမှာ ရေးဆွဲချိတ်ဆွဲထားကြပါတယ်။

အပ်ပလာချာဒေသမှော်အတတ်မှာ မီးခိုးတိုင်မှ မီးခိုးများရဲ့လှုပ်ရှားမှုကို ကြည့်ကာ မိုးလေဝသကိုခန့်မှန်းတွက်ချက် ကြပြီး ရာသီဥတုဘေးဆိုးကနေ လွတ်မြောက်ဖို့ ကြံဆကြပါတယ်။ တကယ်တမ်းတော့ ဒီမီးခိုးလှုပ်ရှားမှုကို ခန့်မှန်းတွက်ချက်တဲ့နည်းဟာ ထင်ထားတာထက်အရမ်းလွယ်ကူပြီး အရှေ့အမေရိကကျေးရွာများမှာ သုံးနေဆဲဖြစ်ပါသေးတယ်။ ယခု အဲ့ဒီမီးခိုးရာသီဥနိမိတ်အချို့ ကိုဖော်ပြပေးပါမယ်။ အကယ်၍ မိုးရွာနေစဉ် ဒါမှမဟုတ် ဆီးနှင်းများကျဆင်းနေစဉ်မှာ မီးခိုးခေါင်းတိုင်မှမီးခိုးဟာ အပေါ်ကို တည့်တည့်မတ်မတ် မျဉ်းဖြောင့်အတိုင်း ထောင်တက်နေတယ်ဆိုရင် ဒါဟာ ဆီးနှင်းကျတာ ဒါမှမဟုတ် မိုးရွာတာ မကြာမီ တိတ်တော့မယ့် လက္ခဏာဖြစ်ပါတယ်တဲ့။ တကယ်လို့ အဲ့ဒီမီးခိုးများဟာ တည့်တည့်မတက်ဘဲ အိမ်ခေါင်နားတစ်ဝိုက်မှာသာ ဝေ့ဝဲရစ်ဆိုင်းနေမယ်ဆိုရင် ဆီးနှင်းထူထပ်ခြင်း သို့မဟုတ် မိုးသည်းထန်စွာရွာခြင်းဟာ နောက်(၂၄)နာရီအတွင်း ဖြစ်ပျက်တော့မယ့် နိမိတ်ပါပဲတဲ့ ...။ တကယ်လို့ မီးခိုးတွေဟာ နိမ့်ကျစွာ အောက်မှာပဲဝေ့ဝဲနေပြီး ငှက်တွေက လှုပ်လှုပ်ရှားရှားဖြစ်နေတယ်ဆို ရင် မကြာမီ ရာသီဥတုကြည်လင်သာယာလာမယ့် လက္ခဏာအဖြစ်သတ်မှတ်ကြပြီး တကယ်လို့သာ မီးခိုးတွေက အပေါ်မတက်ဘဲ ခေါင်းတိုင်ထဲကိုသာ ပြန်ဝင်နေတယ်ဆိုရင် ဒါဟာ ရာသီဥတုထူးဆန်းစွာ ပြောင်းလဲတော့မယ့် နိမိတ်အဖြစ်မှတ်ယူကြပါတယ်။ ရာသီဥတုစောင့်ကြည့်မှုကို မီးတောက်ဖြင့်အာရုံခံစားခြင်း ဝိညာဉ်များဖြင့်ဆက်သွယ်ခြင်းစေ သာ မှော်အစီရင်များဖြင့်လည်း အပ်ပလာချာစုန်းအတတ်မှာ ပြုလုပ်လေ့ရှိသော်လည်း များသောအားဖြင့် မီးခိုးခေါင်းတိုင်မှ မီးခိုးကိုစောင့်ကြည့်ခန့်မှန်း ကြပါတယ်။
Appalachan Granny Magic လို့ခေါ်တဲ့ အလွန်ရှေးကျသော Appalachia စုန်းအယူအဆတစ်ခုလဲရှိပါသေးတယ်။ ဒီယုံကြည်မှုဟာ အပလာချာတောင်တန်း (Appalachian Mountains) များသို့ ၁၇၀၀ ပြည့်နှစ်ခန့်က စကော့တလန်နှင့် အိုင်ယာလန်တို့မှ ရောက်ရှိလာကာ စတင်အခြေချသူများမှ သယ်ဆောင်စတင်ခဲ့တယ်လို့ ယူဆကြပါတယ်။ သူတို့ဟာလည်း သူတို့ရဲ့ ဘိုးဘေးအစဉ်အဆက်က ထိန်းသိမ်းလာခဲ့တဲ့ စကော့နဲ့အိုင်ယာလန်ရိုးရာ အစဉ်အလာများထံမှ ပြန်လည်သယ်ဆောင်လာခဲ့ကြတာပဲဖြစ် ပါတယ်။
အပ်ပလာချာတောင်တန်းတွေမှာနေထို င်တဲ့စုန်းတွေဟာ သူတို့ကိုယ်သူတို့ Water Witches, Witch Doctors စသဖြင့် ခေါ်ဆိုကြပြီး ကုသခြင်း၊ အမှောင့်ပယောဂရှင်းထုတ်ခြင်းတို့  ကဲ့သို့သော လုပ်ငန်းစဉ်မျိုးလုပ်ဆောင်သောသူ ကို Witch Doctor လို့သတ်မှတ်ပြီး ရေအောက်တွင်ရှိသော အစွမ်းရှိအဆောင်များရှာဖွေခြင်း ၊ အစွမ်းရှိဆေးလုံးများဖော်စပ်ြ ခင်းနှင့် မှော်ဆေးရည်များဖန်တီးခြင်းတို့ ကဲ့သို့သော လုပ်ငန်းစဉ်မျိုးလုပ်ဆောင်သူကို Water Witch လို့ ယေဘုယျအားဖြင့်သတ်မှတ်ထားပါတယ်။ Appalachan Granny Magicကို မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့ ကြခြင်းမျိုးမဟုတ်ဘဲ သူတို့ရဲ့ သားသမီးများဟာ ဒီ Applacha နဲ့ပတ်သတ်တဲ့ မှော်သီချင်း၊ ဂါထာများမှတစ်ဆင့် ပြန်လည်သိလာ စူးစမ်းလာ တတ်မြောက်လာကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အချို့ပညာရပ်တွေဟာ ကွယ်ပျောက်ပြီး အချို့အယူအဆတွေကတော့ ရှေးကနဲ့ မတူဘဲ ပုံစံအသစ်တွေနဲ့ပြောင်းလဲယုံ ကြည်နေကြတာကိုတွေ့ရသလို အပ်ပလာချာမှော်သီချင်းများ၊ မှော်မန္တန်များ စတဲ့အရာများကို Appalacha ဒေသမှာတင်မက စကော့တလန်နဲ့ အိုင်ယာလန်တို့မှာ ယနေ့အထိ တွေ့နေရပါသေးတယ်။
ကန်တက်ကီ၊ ဂျော်ဂျီယာ၊ တန်းနက်စ်၊ ဗာဂျီးနီးယားနဲ့ ကာရီုလိုင်းနားတောင်တန်းဒေသတွေ မှာ ရှေးကျတဲ့ယုံကြည်မှုဖြစ်တဲ့ မှော်အတတ်တွေကို ၂၀ ရာစုတိုင်သည်အထိ အရှိန်အဟုန်ကြီးစွာ သက်ဝင်ယုံကြည်ခဲ့ကြပြီး ခေတ်သစ် နည်းပညာခေတ်ရောက်တဲ့အခါ အချို့ဒေသတွေမှာ ဒီအယူအဆတွေပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီတောင်တန်းဒေသကလူတွေဟာ မိခင်သဘာဝတရားကြီးကို သက်ဝင်ယုံကြည်နေကြဆဲပဲဖြစ်ပါသေး တယ်။ ဒါကြောင့် အမိသဘာဝတရား၊ Jack Frost, အဖဂိမာန်၊ Chloe, Spider Grandmother, Demeter စသော များပြားလှစွာသော နတ်များကို အပ်ပလာချာယုံကြည်မှုကြီးမှာ ယခုထိ ယုံကြည်နေဆဲ ယုံကြည်သူဦးရေ တိုးပွားလာဆဲပဲဖြစ်ပါတယ်။ Jack Frost ကိုတော့ Rise of the Guardians ကာတွန်းဇာတ်ကောင်တစ်ယောက်အနေနဲ့ လူသိများပေမယ့် အပ်ပလာချာယုံကြည်မှုမှာပါဝင်တဲ့ နတ်တစ်ပါးဆိုတာ သိသူနည်းပါတယ်။ မြောက်ပိုင်းကာရိုလိုင်းနားတံဆိ ပ်ခေါင်းမှာ တရားဝင်အမှတ်အသားအဖြစ်ရိုက်နှိ ပ်ထား ကောက်ပဲသီးနှံတွေကို ကိုင်ဆောင်ထားတဲ့ ကောက်ရိတ်သိမ်းနတ်ဘုရားဖြစ်တဲ့ Lady Plenty နဲ့ တရားမျှတခြင်းနတ်ဘုရား Lady Liberty တို့ဆိုတာလည်း အပ်ပလာချာနတ်ဘုရားတွေထဲက လူသိများတဲ့နတ်ဘုရားတွေထဲကပါပဲ။
ကံကောင်းထောက်မစွာနဲ့ စုန်းကဝေ၊ မှော်အတတ်၊ အဆောင်မန္တရား၊ မှော်အစီအရင်တွေဟာ လက်ရှိခေတ် ခေတ်သစ်အပ်ပလာချာအယူအဆတွေလက်ဆင့် ကမ်းလာသည်အထိ ဒီဒေသတွေမှာ ဒီအရာတွေလုပ်ဆောင်တာကို တားမြစ်ခံရခြင်းတစ်ခါမှမရှိဖူးေ သးပါဘူး။ စုန်းဆိုတဲ့ဝေါဟာရကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပွင့်လင်းစွာသုံးနှုန်းကြပြီး ၁၇ ရာစုမှ ၁၉ ရာစုအတွင်း အမေရိကမှာ ရာဇဝတ်မှု သတ်မှတ်သလိုမျိုး စုန်းတွေကို ဒီတောင်တန်းဒေသတွေမှာ အထင်မသေးဝံ့ကြပါဘူး။
Witch Doctor တွေကိုလည်း Witch Doctor ဆိုတဲ့ အသုံးနှုန်းနဲ့ ဆက်လက်ခေါ်ဆိုနေကြဆဲပင်ဖြစ်ပြီး ဖျားနာနေသောကလေးသူငယ်များအား ကုသခြင်း၊ မီးဖွားခြင်းနဲ့ ကုသခြင်းဆိုင်ရာကိစ္စ များမှာ လက်ရှိအချိန်ထိ သက်ဝင်ယုံကြည်နေကြဆဲပင်ဖြစ်ပါ တယ်။ ၂၀ ရာစုနှစ်ထိ ဒီတောင်တန်းဒေသတွေမှာ ဆရာဝန်လာဖို့ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ အလှမ်းဝေးလှတာကြောင့် ဒီ Witch Doctor တွေကိုပဲ အစဉ်အလာမပျက် အားကိုးနေခဲ့ရတာပါ။
Witch (Water Witch) များဟာ ဥယာဉ်ခြံမြေစတင်စိုက်ပျိုးခြင်း ၊ ချစ်ခင်ရသောသူတို့ကိုမြှုပ်နြှံ ခင်း၊ ရေတွင်းတူးခြင်း အစရှိသော ကမာမြေနှင့်သက်ဆိုင်သောအလုပ်များကို စွမ်းအားပြည့် ရေဓာတ်အဆောင်များ၊ ဓာတ်ဆေးလုံးများနဲ့ ကောင်းသောဘက်မှာလုပ်ဆောင်ပေးေ နဆဲဖြစ်ပါတယ်။ Haint လို့ဆိုတဲ့ သရဲတစ္ဆေတွေထက်ပို ကြောက်ဖို့ကောင်း အစွမ်းရှိတဲ့ ဝိညာဉ်တစ်မျိုးကိုလည်း ယုံကြည်ကြပြီး ထူးခြားချက်အနေနဲ့ Applachia စုန်းတွေဟာ မကောင်းသောအရာများကို ကာကွယ်ခြင်းအနေနဲ့ Haint ကိုကိုယ်စားပြုတဲ့ အပြာဖျော့ရောင်ကို အိမ်တံခါးများမှာ တောက်ပစွာဆေးသုတ်ထားတတ်ကြပါတယ်။
ဂီတဟာ Appalachian
Granny Magic Tradition မှာ အရေးပါတဲ့အပိုင်းကနေလည်း ပါဝင်နေပါတယ်။
Appalachia မှော်အစီအရင်အများစုဟာ သီဆိုခြင်းနဲ့
ကခုန်ခြင်းများပင်ဖြစ်ကြပါတယ်။ reels, gigs, အိုင်ယာလန်
ခြေထောက်အကတစ်မျိုးဖြစ်သော Clogging ၊ lullaby စတဲ့ ဂီတများဟာ Applachia
မှော်အတတ်အစီအရင်များမှာ အများဆုံးပါဝင်နေကြဖြစ်ပါတယ်။ Avril Lavigne
သီချင်းတစ်ပုဒ်ဖြစ်တဲ့ Goodbye သီချင်းစာသားထဲမှာပါတဲ့ Lullaby
ဆိုတဲ့စာသားနဲ့ အသံနေအသံထားဟာ Applachia ရိုးရာဂီတထဲမှ Lullaby သီချင်းမှ
ပြန်လည်ကောက်နှုတ်ထားခြင်းဖြစ်ပါ တယ်။ ဥပမာအားဖြင့် ရှေးဟောင်း ကမ္ဘာမြေ၏ ကောင်းချီးခံယူခြင်းသီချင်းတစ် ပုဒ်ကို ရေးဟောင်း Tsalagi ဘာသာစကားနဲ့ရေးထားတာကို အသံထွက်နဲ့အတူ ဘာသာပြန်ပါဖော်ပြပေးလိုက်ပါတယ်။
A da we hi a ne he ne ha
Do hi u a iu ni
O lo hi a li ga lu lo hi u nah ta
Ga li e li ga O sa da du
(အဓိပ္ပါယ် - အမြော်အမြင်ရှိသောကာကွယ်စောင့်ေ ရှာက်သူများ၏ အစောင့်အရှောက်အားဖြင့် သောကကင်းစေမယ့်လက်ဆောင်ကို ချီးမြင့်ပါ၊ အမိကမ္ဘာမြေနဲ့ အဖမိုးကောင်းကင်အစောင့်အရှောက် အားဖြင့် ကျေးဇူးတင်ရှိ ဂါရဝပြုအပ်ပါသည်။)
အာရုံခံစားခြင်းနဲ့ ရှေ့ဖြစ်ရှုစားခြင်းဟာ Appalachian Granny Magic လောကမှာ လူသိများထင်ရှားပါတယ်။ များသောအားဖြင့် သူတို့ဟာ တားရော့ဖတ်ခြင်း၊ ကတ်များကစားခြင်း၊ လက်ဖက်ခြောက်ကြည့်ရှုခြင်းနဲ့ တိမ်များကိုကြည့်ရှုခြင်းတို့နဲ့ ရှေ့ဖြစ်ဟောကြပါတယ်။ ပင့်ကူအိမ်များရဲ့ ဖွဲ့စည်းပုံကို သေချာစွာလေ့လာဖတ်ရှုကာ Cherokee Spider Grandmother Goddess ရဲ့ အမှာစကားအဖြစ်ပုံဖော်ကြပါတယ်။ Cherokee Spider Grandmother Goddess ဟာ သတင်းစကားများကို ပင့်ကူအိမ်နိမိတ်မှတစ်ဆင့်ပေး တတ်တယ်လို့ Appalichia များက အထူးယုံကြည်ထားပါတယ်။
Applachian Granny Magic ရဲ့ မှော်အသုံးအဆောင်ပစ္စည်းများဟာ လက်ရှိခေတ် Wicca အသုံးအဆောင်ပစ္စည်းများနဲ့အလွန် နီးစပ်ပါတယ်။ မှော်တုတ်တံဟာလည်း
အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါသေးတယ်။ Applachia မှာ မှော်တုတ်တံကို
ဖြောင့်တန်းပြီး တိုစင်းတဲ့ သစ်သားတုတ်ချောင်းကိုသုံးစွဲ ကြကာ ပန်းသီးပင် သို့မဟုတ် ဝက်သစ်ချပင်များရဲ့ အသားကို များသောအားဖြင့်သုံးကြပါတယ်။ Atheme လို့ခေါ်တဲ့ မှော်ဝင်ဓားကို တစ်ခါတစ်ရံမှာ စိုက်ပျိုးရေးနဲ့ပတ်သတ်သော အစီအရင်များမှာ သုံးစွဲကြပါတယ်။ မှော်ဒယ်အိုး (Cauldron) ကိုတော့ အစီအရင်လုပ်တဲ့ ဖလားတွေထက်ပိုအသုံးများပါတယ်။ ကြေးမုံပြင်၊ ဖယောင်းတိုင်၊ မှော်တံမြက်စည်းများ၊ မြေအိုးများနဲ့ မှော်ခြင်းတောင်းများဟာ ရိုးရာအရ သုံးစွဲကြတဲ့ မှော်အသုံးအဆောင်ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ appalachia တောင်တန်းဒေသတွေမှာ ဒီပစ္စည်းတွေကို အိမ်မှာပင် ကိုယ့်လက်နဲ့ကိုယ်လုပ်ဆောင်ကြပါ တယ်။
များသောအားဖြင့် appalachia ရိုးရာမှော်အတတ်မှာ ကုသခြင်းနှင့် အစီအရင်လုပ်ဆောင်ခြင်းကိုတွေ့ရတ တ်ပါတယ်။ များသောအားဖြင့် အစီအရင်များလုပ်တဲ့အခါမှာ မှော်အင်္ကျီများ သီးသန့်ဝတ်ဆင်တာ တွေ့ရခဲပါတယ်။ အစီအရင်တွေလုပ်တဲ့အခါ မှော်စက်ဝိုင်းနဲ့ကာရံလုပ်ဆောင်ြ ခင်းဓလေ့လည်း နည်းပါးပါတယ်။ လက်ရှိခေတ် appalachia များဟာ သူတို့ယုံကြည်မှုသာမက အခြားမှော်အယူအဆများကိုလည်း ကျယ်ပြန့်စွာနှံ့စပ်နားလည်လာ ကြပါတယ်။ ဒီလိုနားလည်မှသာ မှော်ပညာလုပ်ဆောင်မှုများကို ပိုပြီး သက်တောင့်သက်သာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မှော်ပညာဟာ ကျွန်တော်တို့ဘဝနဲ့ချိတ်ဆက်နေတဲ့ သဘာဝတရားရဲ့လမ်းကြောင်းတစ်ခုပါ။ မှော်ပညာကိုလေ့လာတဲ့အခါမှာ မတူကွဲပြားတဲ့အယူအဆအမျိုးမျိုး ကို သိထားသင့်တာကြောင့် မှော်ပညာလေ့လာနေသူများ၊ စိတ်ဝင်စားသူများနဲ့ မျိုးဆက်သစ် Appalachia မှော်အတတ်လုပ်ဆောင်မယ့်သူများ အတွက် ကမ္ဘာမှာနဲ့မြန်မာမှာ လူသိနည်းတဲ့ Applachia မှော်အတတ်ကို မျှဝေပေးလိုက်ရပါတယ်။
ပါတယ်။
ဘယ်ဘက်မျက်လုံးယားပါက - သင်ပျော်ရွှင်ရလိမ့်မည်။
ညာဘက်မျက်လုံးယားပါက - သင်ဒေါသထွက်ရလိမ့်မည်။
လက်ဖဝါးတစ်ခုလုံးယားပါက - ငွေဝင်လိမ့်မည်။
လက်ဖမိုးတစ်ခုလုံးယားပါက - ငွေထွက်လိမ့်မည်။
လက်ချောင်းများယားသော် - ငွေဝင်မည်။ သို့သော် ပြန်ထွက်မည်။
ညာဘက်လက်ဖဝါးနှင့်လက်ချောင်းမျာ
းအားလုံးယားသော် - လူစိမ်းနှင့်ခင်ရမည်။
ဘယ်ဘက်လက်ဖဝါးနှင့်လက်ချောင်းမျ
ားအားလုံးယားသော် - ငွေအများအပြားကိုင်ရမည်။
ခြေနှစ်ဖက်ယားသော် - ထူးဆန်းသောနေရာသို့ခရီးထွက်ရမည်
။
ရာ၍
အပူပေးပါ။ ပူလာသောအခါ နှာခေါင်းနားသို့ကပ်ကာ နှာရည်များမကျမချင်း
နှာခေါင်းမှလေများ ကိုခပ်ပြင်းပြင်းရှူပါ။ နှာရည်များကျပြီးနောက်မကြာမီ
သင်နှာခေါင်းပြန်ပွင့်သွားပါလိ မ့်မည်။
ယခု ယနေ့ခေတ်ဒီအချိန်အထိ အပ်ပလာချာစုန်းအတတ်မှာအသုံးချေ
"Ghoulies, ghosties, shades
of the dead; turning, spinning, dizzy in the head."
ဆိုတဲ့ မန္တန်စာသားလေးကို ဆက်တိုက်ရွတ်ဆိုပေးနေပါ။ ဒီမန္တန်ကြောင့် သင့်အနားမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို အာရုံထွေပြားသွားစေပြီး နောက်ကိုလိုက်မလာနိုင်တော့အောင် တားဆီးပြီးသားဖြစ်သွားပါလိမ့်
အမေရိကရဲ့ အရှေ့တောင်ပိုင်းကျေးလက်ဒေသတွေ
A da we hi a ne he ne ha
Do hi u a iu ni
O lo hi a li ga lu lo hi u nah ta
Ga li e li ga O sa da du
(အဓိပ္ပါယ် - အမြော်အမြင်ရှိသောကာကွယ်စောင့်ေ
အာရုံခံစားခြင်းနဲ့ ရှေ့ဖြစ်ရှုစားခြင်းဟာ Appalachian Granny Magic လောကမှာ လူသိများထင်ရှားပါတယ်။ များသောအားဖြင့် သူတို့ဟာ တားရော့ဖတ်ခြင်း၊ ကတ်များကစားခြင်း၊ လက်ဖက်ခြောက်ကြည့်ရှုခြင်းနဲ့ တိမ်များကိုကြည့်ရှုခြင်းတို့နဲ့ ရှေ့ဖြစ်ဟောကြပါတယ်။ ပင့်ကူအိမ်များရဲ့ ဖွဲ့စည်းပုံကို သေချာစွာလေ့လာဖတ်ရှုကာ Cherokee Spider Grandmother Goddess ရဲ့ အမှာစကားအဖြစ်ပုံဖော်ကြပါတယ်။ Cherokee Spider Grandmother Goddess ဟာ သတင်းစကားများကို ပင့်ကူအိမ်နိမိတ်မှတစ်ဆင့်ပေး
Applachian Granny Magic ရဲ့ မှော်အသုံးအဆောင်ပစ္စည်းများဟာ လက်ရှိခေတ် Wicca အသုံးအဆောင်ပစ္စည်းများနဲ့အလွန်
Appalachai မှော်အတတ်အစီအရင်များနဲ့ရိုးရာ ယုံကြည်မှုများ
အချစ်ရေးကံကောင်းစေသောအဆောင်ပြု လုပ်နည်း - ကတ်ကြေးတစ်လက်ကိုယူကာ ကတ်ကြေးအချွန်တစ်ဖက်မှာ မိမိနာမည်ကိုရေးကာ အခြားတစ်ဖက်မှာ ချစ်သူရဲ့နာမည်ကိုရေးကမြေမြှုပ် ပါ။ ထူးခြားပါလိမ့်မည်။
ကြွက်နို့ပျောက်သောရိုးရာအစီ အရင်
- လဆန်း(၁)ရက်နေ့ညမှာ အာလူးကို တစ်ခြမ်းလှီးပြီး ကြွက်နို့ပေါ်မှာ
လှီးထုတ်လိုက်တဲ့တစ်ခြမ်းနဲ့ ကြွက်နို့ကိုပွတ်တိုက်ပေးပါ။ မိမိနှ်စ်သက်သလို
ပွတ်သပ်ပြီးပြီဆိုပါက အာလူးနှစ်ခြမ်းကိုပြန်ဆက်ကာ မြေမြှုပ်ပါ။
ထူးခြားပါလိမ့်မည်။
ပျားဆိပ်ဖြေနည်း - တကယ်လို့ ပျားဆိပ်တက်ပြီးဖျားနေတယ်ဆိုရင် ဗီနီဂါကို ပျားတုပ်ခံရတဲ့နေရာမှာသုတ်လိမ်းေ ပးပါ။ အဆိပ်တွေသက်သာသွားပါလိမ့်မည်။
ရိုးရာအသားယားနိမိတ်ဖတ်နည်း - Appalachai ရဲ့ ရိုးရာအသားယားနိမိတ်ဖတ်နည်းဖြစ်ညာဘက်မျက်လုံးယားပါက - သင်ဒေါသထွက်ရလိမ့်မည်။
လက်ဖဝါးတစ်ခုလုံးယားပါက - ငွေဝင်လိမ့်မည်။
လက်ဖမိုးတစ်ခုလုံးယားပါက - ငွေထွက်လိမ့်မည်။
လက်ချောင်းများယားသော် - ငွေဝင်မည်။ သို့သော် ပြန်ထွက်မည်။
ညာဘက်လက်ဖဝါးနှင့်လက်ချောင်းမျာ
နားအလိုအလျောက်ပူလာခြင်း - နားနှစ်ဖက်လုံးအလိုအလျောက်ပူလာ ပါက သင့်အတင်းကိုလူများပြောနေကြ၍ြ ဖစ်သည်။ ထိုအချိန် ဘယ်သူက သင့်အတင်းပြောတယ်ဆိုတာ ရအောင်စဉ်းစားနိုင်ရင် သူတော့ အတင်းဆက်ပြောမည်မဟုတ်ပါ။
အိပ်မက်နိမိတ် - မွေးဖွားခြင်းကို အိပ်မက်ပါက မိသားစု သို့မဟုတ် သူငယ်ချင်းတစ်ယောက်သေဆုံးသည်ကို ကြားရလိမ့်မည်။ သုံးခါဆက်တိုက် ငါးဖမ်းမိတယ်လို့ အိပ်မက်ပါက မိသားစုဝင်အသစ်တစ်ယောက် တိုးလာလိမ့်မည်။
နှာစေးသော် - သင်္ဘောဒန့်ဒလွန်ကိုဆော့စ်နှင့်ေ
ကျိန်စာများမကျရောက်စေရန် - သင့်ဆံပင်အချို့ကိုနှုတ်ကာ သင့်ဆံပင်နှင့်ပြန်စည်းထားသော အသည်း၊ သင့်ခြံစည်းရိုးမှ သစ်သားစ၊ အနီရောင်ကြိုးနဲ့တွဲထားသော သင့်ရဲ့ခြေသည်းလက်သည်းအပိုင်း အစတို့ကို စုစည်းပြီး အိပ်ထဲဆောင်ထားပါ။ ပြုစားခြင်းမှကာကွယ်နိုင်လိမ့် မည်။
ရိုးရာမှန်ကွဲကျိန်စာ (ခုနှစ်နှစ်ကံဆိုးစေကျိန်စာ) ကိုတော့ ယခုနည်းနှင့်ကာကွယ်နိုင်မည်မဟု တ်ဘဲ
သင် မှန်ကွဲကျိန်စာတိုက်ခံထားရပါက သင့်အနီးမှ သင်္ချိုင်းကို
ညသန်းခေါင်သွားကာ သင်္ချိုင်းမှ ရှေးအကျဆုံးအုတ်ဂုကို
မထိသရွေ့ပြယ်မည်မဟုတ်ပါ။
(မှတ်ချက် - ယခုနည်းများသည် Appalachia တောင်တန်းများမှစုန်းများသုံးေ သာ ရိုးရာနည်းလမ်းအချို့သာဖြစ်ပြီး သင်ကြားဖူးသောအရာအချို့နှင့်ကြွဲ ပားကောင်းကွဲပြားနိုင်ပါသည်။ အချို့မှာ ရှေးရိုးစွဲဆေးနည်းများဖြစ်ကြော င်း ကိုလည်း သတိချပ်စေလိုသည်။ နောက်လများတွင်လည်း Appalachia မှော်အတတ်အကြောင်းကို အလျဉ်းသင့်သလိုဖော်ပြပေးသွားမည်ြ ဖစ်ပါကြောင်း ။ )
ကာရှိုင်း (ကြယ်စင်ချစ်သူ)
Comments
Post a Comment