Skip to main content

Posts

လူသိနည်းသောအပ်ပလာချာအရှေ့အမေရိကန်ရိုးရာစုန်းအတတ် (Appalachian Folk Magick)

        ရိုး ရာ စကော့လူမျိုးအပ်ပလာချာစု န်းအများစုဟာ သဘာဝစွမ်းအင် နှင့် ရုပ် ရှင် ဆန်ဆန်မှော်စွမ်းအင်များကို ယုံကြည်လေ့မရှိကြပါဘူး။ သူတို့ ယုံကြည်ကြတာက လူသားအားလုံး၊ တိရိစ္ဆာန်အားလုံးနဲ့ အပင်အား လုံးမှာ ဝိညာဉ်ဓာတ်ကိုယ်စီရှိကြပြီး ကမ္ဘာမှာရှိတဲ့အရာအားလုံးဟာ ဝိညာဉ်ဓာတ်များရှိကြသလို အားလုံး ရဲ့ဝိညာဉ် ဓာတ်တွေဟာ တန်းတူညီမျှရှိတယ် ဆိုတာပဲဖြစ်ပါ တယ်။ ဓာတ် စွမ်းအားများကိုတောင်းဆိုဖို့  ဝတ်ပြုဆုတောင်းရမယ့်အစား စကားပြောတောင်းဆိုကြပါတယ်။ အပ်ပလာချာစုန်းတွေဟာ ဝိညာဉ်ဓာတ်အားလုံးရဲ့ တန်းတူညီမျှရှိမှုကို သက်ဝင်ယုံ ကြည်ကြပြီး ဝိညာဉ်များအားလုံးဟာ စကြဝဠာစွမ်းအင်စုကြီး (သို့မဟုတ်) နတ်ဘုရားရဲ့ တစ်စိတ်တစ်ပိုင်းပင်ဖြစ်တယ်လို့  ယုံကြည်ကြတယ် ။ ရှေးယခင်ဒီစုန်းများဟာ သူတို့ဘိုးဘေးဘီဘင်တို့ရဲ့ပညာ ဆက်ကို လေးစားသ က်ဝင်ယုံကြည်ကြပြီး သူတို့ရဲ့ဘိုးဘေးဘီဘင်တွေကိုလည်း သူတို့ရဲ့ စံပြပု ဂ္ဂို လ်အဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုတတ် ကြပြီး နတ်ဘုရားများဟာ သီးခြားစီရှိကြပြီး စကြဝဠာဆိုင်ရာစွ မ်းအင်စုကြီး (သို့မဟုတ်) နတ်ဘုရားနဲ့ သိပ်ပြီးသ က်ဆိုင်မှုမရှိလှလို့ ယုံကြည်ထားကြပါတယ်။ ယနေ့အချ...
Recent posts

တိရိစ္ဆာန်များနှင့်မှော်ပညာအမှတ်သင်္ကေတအယူများ

                  မှော်ပညာရှင်တိုင်းလိုလို စုန်းကဝေတိုင်းလိုလိုမှာ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးေ တွမွေးပြီး မှော်ပညာအတွက်အသုံးချတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒီလိုမွေးမြူထားခြင်းဟာ ချစ်ခင်လို့မွေးမြုထားတယ်ဆိုတာ အပြင်ကို မှော်ပညာပိုင်းဆိုင်ရာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာပတ်သတ် ဆက်နွယ်မှုများ မှော်အစီအရင်များအတွက် မွေးမြူကြတာမျိုးလေးတွေရှိပါတယ် ။ ဒီတော့ မှော်ပညာလေ့လာလိုက်စားသူများအေ နနဲ့လည်း မှော်ပညာအတွက် အိမ်မွေးတိရိစ္ဆာန်လေးတွေကို မှော်ပညာသင်္ကေတ အဖြစ်မွေးမြူနိုင်ဖို့ စုစည်းဖော်ပြပေးလိုက်ရပါတယ်။ ခွေး - ခွေးတွေဟာ မှော်ဆရာ စုန်းကဝေတွေအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ပြီး သစ္စာစောင့်သိမှုနှင့် အကာအကွယ်များအား သင်ကြားပေးနိုင်ပါတယ်။ တစ်စုံတစ်ရာပြုစားမှုနှင့် အန္တရာယ်များကို ခွေးများက ကြိုတင်သိရှိနိုင်ကြပြီး သူတို့ရဲ့ သခင်မှော်ဆရာကို ပြန်လည်အချက်ပြအသိပေးနိုင်ပါတယ် ။ ကြောင် - ကြောင်များဟာ လွတ်လပ်မှုနဲ့ ကိုယ်တိုင်ပြုစုပျိုးထောင်နိုင်ြ ခင်းအား လူသားများသို့ သင်ပြပါတယ်။ ကြောင်များဟာ အိမ်တစ်အိမ်ရဲ့အကာအကွယ်ဖြစ်ပြီး ၀ိဥာဉ်...

အနောက်တိုင်းမှော်ပညာတစ်ကိုယ်တော်လေ့လာမည့်သူများအတွက် စံနမူနာအချက်(၇)ချက်

"ကမ္ဘာမြေရဲ့နေရာ တိုင်းနေရာတိုင်းမှာ မှော်ဆန်သောအရာများနှင့် ပြည့်နှက်လျက်ရှိပြီး အဲ့ဒီအရာတွေက သူတို့ကို ကြီးမားစွာအာရုံ ခံစား စက္ခုပသာဒကွန့်မြူးစေဖို့ စိတ်ရှည်စွာနဲ့ေ စာင့်ဆိုင်းလျက် ရှိနေကြပါတယ်။" - W.B Yeats ဒီလိုမျိုး မှော်ဆန်တဲ့အရာေ တွ ဖမ်းဆုပ်မိစေဖို့ အတွက် ဘယ်လိုအမူအကျင့် တွေပြုမူနေထိုင် ရပါမလဲ။ သင့်ရဲ့ နေ့ရက်တွေဆီကို မှော်ပညာတွေဘယ်လိုဖိတ်ခေါ်ရပါမလဲ ။ ယခု စာရေးနေသော ကျွန်တော်ကိုယ်တိုင်သည်လည်း တစ်ကိုယ်တော်မှော်ပညာလေ့လာလိုက် စားသူဖြစ်လင့်ကစား မှော်ပညာအကြောင်းအရာများနှင့်ပတ်သတ်သော အကြောင်းအရာများ ကို မျှဝေရတာ သဘောကျပါတယ်။ မှော်ပညာဆိုတာ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ သဘာဝတရားကြီးနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းပဲ မဟုတ်ပါလား။ တစ်ယောက်ယောက်ကများ စုန်းကဝေ၊ မှော်ပညာလိုက်စားသူ စတဲ့စကားလုံးတွေ အကြောင်းကိုပြော လာမယ်ဆိုရင်လည်း ကျွန်တော့်အတွေး ထဲမှာတော့ သဘာဝတရားကြီးနှင့် သဘာဝတရားကြီးနှင့်ဆက်နွယ်နေသော မမြင်နိုင်သောစွ မ်းအင်များကို ပညာသားပါပါ ဆက်သွယ်နိုင်သော အနုပညာကို တတ်ကျွမ်းထားသူ သဘာဝတရားကြီးကို သဘာဝတရားစွမ်းအင် စိတ်စွမ်းအင်လမ်းကြောင်းများနဲ့ ကူးလူးဆက်နွယ်ကာြ...

အတိတ်၊ နိမိတ်၊ တဘောင်များအားလေ့လာခြင်း

                             ဇမ္မူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း တဲ့ဗျ။အတိတ် နိမိတ်တွေဆိုတာ ကမ္ဘာဦးကတည်းက ရှိခဲ့တာပါ။ကမ္ဘာ ဦးအစ ကြာငါးခိုင် နိမိတ်ကြောင့် ဘုရား၅ဆူပွင့်မယ့် ဘဒ္ဒကမ္ဘာဆိုပြီး နိမိတ်ဖတ်ခဲ့ကြပါတယ်။နောက်ဗုဒ္ဓဘုရားရှင်တောင် နိမိတ်ကမလွတ်ပါဘူး။သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ပြီးတောထွက် ခဲ့ပါတယ်။အတိတ် နိမိတ် တဘောင် စနည်း စတာတွေကိုရေးမယ် ဆို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာ ဦးနိုးအကြောင်း မပါမဖြစ်ပါရပါမယ်။ဦးနိုးဟာ အသက် ၂၀ အရွယ် ငယ်ငယ်လေးနဲ့ နေမျိုးလေခ ပျံချီဘွဲ့ရထားေ တာ့ မှုးမတ်တွေက မကျေမနပ်နဲ့ ပညာစမ်းကြပါတယ်။ မှူးမတ်တစ်ယောက်  အမြဲကိုင်တဲ့ ကွမ်းအစ်ကို မောင်နိုးအား မကိုင်ကြည့်စေပဲ  အလေးချိန်ဘယ်လော က်ရှိလဲ ဖြေစမ်းလို့မေးသ တဲ့။ဒါနဲ့မောင်နိုးက အနီးနားမှာ ထူးခြားတာရှိမလား ရှာကြည့်ရာ မတွေ့ နောက်ဆုံး မဏ္ဌုပ်အမိုးမော့ ကြည့်မှ မိုးထားတဲ့ကပ် အားလုံးလိုလို အသစ်ဖြစ်နေပေမယ့်  တစ်ခုသောကပ်က ကျိုးနေပါတယ်။ဒါ ကြောင့် ကျေနပ်သွားပြီး ကပ်ကျိုး (ကိုးကျပ်) အလေးချိန် ကို...